Thursday, January 15, 2009

ရခိုင်သားတိ ရခိုင်ပြည်နန့် မတန်ဗျာလ်လား

အင် တခါတခါ ငါ့ကိုငါ့ဇာလေလို့ တွေးမိလီကတ်ပါယင့်လား ငါကတော့ခါ ရခိုင်မသား ရခိုင်ပြည်မှာမွီး ကြီးလာခရေ။ ဒေဂနိမှာ ငါရေ ရခိုင်ပြည်ကြီးနန့် အ၀ီးကြီးမှာ ငါတယောက် တည်းလား ငါအနားကလူတစုတည်းလား မဟုတ်ပါဗျာလ် ။ ကမ္ဘာမြေကြီးထက်မှာ ခြီနှစ် ချောင်းရပ်နီဖို့  ပါးစပ်ပေါက်လှုပ်နိုင်ဖို့ တ၀မ်းတခါးအတွက် ရီကြိုင်ရာ မြနုရာကိုရှာဖွယ်ဖို့ ရခိုင် ပြည်ကြီးကို စွန့် ခွါနီကတ်တေ ရခိုင်လူမျိုးတိ ၁၇၉၈ ခုနှစ် ဗမာပဒေသရိုက်ရို့  ညဉ်းပမ်း နှိုက် စက်လို့  ရခိုင်ပြည်ကထွက်ပြီးလားတိမ်းရှောင်လားကတ်ရရေခါကပုံစံနန့်  တထပ်တည်ပိုင်ခံ စားနီရပါရေ။
တပြည်တရွာမှာ ရီကြိုင် မြက်နုနန့် တောကတ်တေလူက တရာမှာ တယောက်လောက် ရာရှိပါဖို့ လား။ တပြည်တရွာမှာ အနှိမ်ခံဘ၀နန့် ကြုံရာကျပန်လုပ်ရင်း ဘ၀တိဆွီးမြီးနီကတ် တေ။အိမ်နီးနားက နိုင်ငံတိမှာဆိုကေ အဆိုးဝါးဆုံးအခြေအနေလို့ ပြောလို့ ရပါရေ။ ကိုယ်ပြည် ကိုယ့်ရွာကိုပြန်နိုင်ဖို့ အနေအထားလုံးဝမရှိရေလူတိက များနီကတ်စွာကိုတွိရပါရေ။ ဒုက္ခသည် စခန်းကိုဆိုကေလေ့ ၀င်လာမစဲတသဲသဲနန့် ရခိုင်သားတိတရက်ထက်တရက် များသည် ထက်များ လာပါရေ။ ရခိုင်ပြည်က မကြာသိခင်ကရောက်လာသူငယ်ချင်း တယောက် ပြော စွာက ရခိုင်ပြည်မှာ နို့ သောက်နန့် ဒုတ်ထောက်ရာကျန်ဗျာလ်လတ်။ ကျွန်တော့် သူငယ်ချင်း တယောက်ဆိုကေ ထိုင်းနိုင်ငံ ဘန်ကောက်မှာ အဆင်မပြေလို့  ရခိုင်ပြည် ပြန်လားခပါရေ။ တလတောင် မ ကြာလိုက်ပါ ထိုင်းကိုမိသားစုနန့် ရောက်ပါလတ်ပါရေ။ ယင်းပိုင်ပင် ရခိုင်ပြည် မှာရှိရေ အိမ်၊ မြေ ၊လယ် ရှိစွာအားလုံးကို ရောင်းချပြီးကေ ရီမြီသစ်မှာ ဘ၀သစ်ကိုထူထောင်ဖို့  ရခိုင်ပြည်ကြီးကို နောက်ခိုင်းလာကတ်တေ။ မျက်စီးထဲမှာ မြင်နီရစွာတိပါ ။ ပြည်ပကိုရောက် လာပြီးကေ ရခိုင်အသိုင်းအ၀င်းနန့်  ၀ီးကွာနီခရေလူတိ သူရို့ သားသမီးတိဆိုကေ ရခိုင်စကား ကိုပင် မပြောတတ် သည့်အပြင် နားပင်မလည်စွာကို တွိရရေခါ စိတ်မကောင်းဖြစ်ရပါရေ။ အ သူ့ ကိုအပြစ်ဆိုရပါဖို့ လဲ စားရေးသောက်ရေး နီထိုင်ရေးတိအတွက် လုံးပမ်းယင်းနိတဓူဝ ရုန်းကန်နီကတ်ရရေ မိဖတိကိုလည်း အပြစ်မဆိုဝံ့ပါ။
အုပ်ချုပ်သူအစိုးရကလည်းစနစ်တကျနန့်  အကွက်ကျကျ လုပ်ဆောင်နီရေလိုထင်မြင် မိပါရေ။ ရခိုင်ပြည်မှာ ရခိုင်သားတိ တရက်ထက်တရက်နည်းပါးလာရေ ယင်းလူတိနေရာမှာ အ စားထိုးဖို့ ရန်ကုန်မြို့ ထက်မှာဟိရေ ရထားလမ်း၊ သံလမ်းကအလေအလွင့်တိ၊ ထောင်က ထွက်လာရေ လူတိကို ရခိုင်ပြည်သို့ ပို့ ပြီးကေ ရွာတည်နီရေ ရသေ့တောင်ဘက်မှာ အယင် ကမဟိခရေ ရွာတိအများပေါ်ထွက်လာပါဗျာလ် ကျွန်တော် သိသလောက်ဆိုကေ သဇင်မြိုင်ရွာ ၊ ပတောက်မြိုင်ရွာ ဘူးသီးတောင်ဘက်မှာလည်း သဇင်မြိုင်ရွာ၊ပတောက်မြိုင်ရွာ ၊ ဇေယျာမြိုင် ရွာ၊ကျောက်စာတိုင်(စံပြရွာသစ်)၊ မောင်တောတောင်ဘက်မှာ၊ စံပြပဲရုံ(အင်းဒင်ရွာသစ်) ၊ ကျောက်ပန်းဒူရွာ(စံပြရွာသစ်) ၊မောရ၀တီ(စံပြရွာသစ်) ၊ သရီကုန်ဘောင်(စံပြရွာသစ်) ၊ ကိုင်းကြီး(စံပြရွာသစ်) ၊ ဥဒေါင်း(စံပြရွာသစ်) ဆိုပြီးကေ ဗမာရွာသစ်တိများပြားလာပါရေ။ ဒေချင့်စွာကျွန်တော်သိသလောက်ရာပြောပြစွာပါ၊ ရခိုင်တပြည် လုံးနေရာတိုင်းမှာ ဗမာရွာသစ် တိချလာစွာကိုတွိရပါရေ။ တပြိုင်တည်းမှာ ဘင်္ဂလီကုလားတိလည်း ရခိုင်သို့ ပုံစံအမျိုးမျိုးနန့်  ၀င်ရောက်နီစွာကိုတွိရပါရေ။ ဘလောက်ထိလည်းဆိုကေ လယ်မြီ ချောင်းမြောင်း ကမ်းပိုင်တိ တ၀က်လောက်စွာ ဘင်္ဂလီတိပိုင်ဆိုင်မှုအောက်ကိုရောက်နီပါဗျာလ်။ တဖြည်းဖြည်းနန့်  ရခိုင် တပြည်လုံးမှာ အဓိက စီးပွားရေးနီရာတိကိုထိုးဖောက်နီစွာကိုတွိရပါရေ။ ရခိုင်သားတိအတွက် နိုင်ငံပျောက် ၊ ထီးပျောက် ၊ နန်းပျောက်၊ စာပေပျောက် ၊ ယဉ်ကျေးမှုပျောက် ၊ အခုနီထိုင်ရာ မြီပျောက် ဖို့ ဗျာလ် ယင်းချင့်နောက်လူ မျိုးပျောက်ဖို့  အခုခေတ်မှာက သမိုင်းကပြောစွာထက် လက်ဟိကပြောနီစွာကို လက်ခံရေခေတ်ပါ ။
ရှိကရခိုင်တိ ကိုယ့်ထီး ကိုယ့်နန်းနန့် တိုးတက်မြင့်မားရေ နိုင်ငံတနိုင်ငံအဖြစ် ကျယ်ပြန့် ရေနယ်မြီအင်ပါယာကိုတည်ထောင်နိုင်ခရေ နိုင်ငံရေး၊ စီးပွားရေး၊ ယဉ်ကျေးမှု စာပေ အနုပ ညာတိနန့်  မြင့်မားပြီကေ့ အမျိုးသီလကိုစောင့်ထိမ်းနိုင်ခကတ်တေ ဂုဏ်ယူစရာပါ။ အေဂနိ ရ ခိုင်သားတိ အဖရခိုင်ပြည်နန့်  အထိုက်တန်လို့ မထိမ်းသိမ်းနိုင်လို့  အဖပြည်ကြီးကို စွန့် ခွါလား နီကတ်တေလို့ ထင်မိပါရေ၊။ အဂယင့်လည်း ရခိုင်သားတိရေ အဖပြည်ကြီးနန့်  မထိုက်တန်ပါ ဗျာလ်လား။ အမျိုးကိုလည်းမစောင့်ထိမ်းနိုင်၊ သီလကိုလည်းမစောင့်ထိမ်းနိုင် ၊အဖပြည်ကို လည်းမစောင့်ထိမ်းနိုင် ယေကေ ရခိုင်သားတိလည်းပျောက်နီဗျာလ်လို့ ပင်ထင်မိပါရေ။
ဆက်လက်တင်ပြပါမေ
သျှင်စိုး

No comments:

Post a Comment